ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Women Club) နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း မေ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူများ (Women Club) အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ရေးသားသောစာရေးချင်သော သူများသို့စတုတ္ထအကြိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ရေးသားသောစာရေးချင်သော သူများသို့ စာအုပ်၏ “စာဖတ်နည်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Women Club အဖွဲ့ ဒေါ်နီနီအေး ကရှုတတ် မြင်တတ်သော အကျင့်”  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မနှင်းလဲ့လဲ့စန္ဒာက စကားပြောနှင့် ကဗျာလင်္ကာအား လည်းကောင်း၊ ဒေါ်ဝေဇင်မြင့်အောင်က ဆန်းကြယ်သော စိတ်ကူး ဒေါ်ချိုယမင်းက “ရုရှသရုပ်မှန် ဝတ္ထုများ” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက အသီးသီး ဆွေးနွေးကြသည်။

ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လစဉ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပြည့်စုံလာစေရန် ကာယ၊ ဉာဏ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းနှင့် Online မှ တဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)