အမြို့မြို့အနယ်နယ်သတင်းများ

မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) Installation ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် (၀၉း၃၀)နာရီအချိန်က မူဆယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးတွင်(၅၄) ကြိမ်မြောက်မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် (၅၄)ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲနှင့်တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော်တစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့် ကလေးများအတွက် ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့်မိခင်နှင့် ကလေးများအတွက် ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

သရက်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်းနှင့် ပညာသင်စရိတ်ထောက်ပံ့မှု အကျိုးခံစားခွင့်များ ပေးအပ်

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင်မှတ်ပုံတင်ထားရှိသော အလုပ်ဌာန(၂၉)ဌာနမှ အာမခံ အလုပ်သမားများသို့  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အချိန်ပြည့်ပညာသင်ကြားနေသော ပညာသင်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့်နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ပေးအပ်ခြင်းအခမ်းနားကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပသည်။  

ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ဆောင်းသီးနှံ (မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ စူဠာမဏိဘုရားအနောက်ဘက်မုခ်ပေါက်အဝင် ထိုင်တော်မူဆင်းတုတော်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းစတင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိ စည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စူဠာမဏိဘုရားကြီး အနောက်ဘက်မုခ်အဝင် ထိုင်တော်မူဆင်းတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်က စတင်ကပ်လှူပူဇော်ပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောင်၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် မီးသင်္ဂြုလ်စက်အဆောက်အဦ တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅.၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြုံတကင်းကျေးရွာဘက်စုံ သုံးခန်းမဆောင် တည်ဆောက်မည့်မြေနေရာ၊ ဝါးဘိုးစု သပြေတန်းကျေးရွာတွင်းလမ်းအား ဂဝံလမ်းခင်း ခြင်းဆောင်ရွက်မည့် မြေနေရာနှင့် စစ်ပင်ဝဲကျေးရွာ မီးသင်္ဂြုလ်စက်အဆောက်အဦ တည်ဆောက် မည့်မြေနေရာတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ပုလောမြို့နယ် မလိကျွန်းကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် စက်ကိုင်ကွယ်အသုံးပြုနည်း အသိပညာပေး လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မလိကျွန်းကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ စက်ကိုင်ကွယ်အသုံးပြုနည်း အသိပညာပေးလက်တွေ့သရုပ်ပြကို ယနေ့ နံနက် (၈)နာရီက  အ-ထ-က (မလိ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ပပို့ကုန်  သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို  အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော် ခန်းမတွင်ကျင်းပရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ