မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် (အသားငါးကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ရန်အတွက် တတိယအကြိမ်အရင်းမပျောက်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။