လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက် (၈) နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။