နောင်ချိုမြို့နယ်တွင်  မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

နောင်ချို ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၂ ရက်နေ့မှစ၍ ထုတ်​​ချေးပေးလျက်ရှိရာ ယမန်နေ့က ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို လုံဝယ်အုပ်စုအတွင်းရှိ စိုက်ပျိုးတောင်သူ ၁၁၉ ဦးအတွက် လယ်တစ်ဧကလျှင် ၃၀၀၀၀၀ ကျပ်နှင့် ယာတစ်ဧကလျှင်  ၂၅၀၀၀၀ ကျပ်သက်မှတ်၍ အတိုးနှုန်း ၅% နှုန်းဖြင့် စပါး ၃၅ ဧက၊ ပြောင်း ၅၀၉ ဧကအတွက် စုစုပေါင်းငွေကျပ် ၁၃၇၇.၅ သိန်း ထုတ်ချေးပေးခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့်  ကျေးရွာအုပ်စု (၂၄) အုပ်စုအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၃၁၂၅၀၀၀၀၀/-ကျပ်အား ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ် (ပြန်/ဆက်)