ပခုက္ကူ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာတော်သံဃာတော်နှင့်သီလရှင်များအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးကုထုံးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အောင်ဦးဆောင်သော ဝန်ထမ်းများက ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ကွင်းဆင်း၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေး၊ သွေးတိုး/ဆီချိုရောဂါနှင့် ထိခိုက်/ယားနာဆိုင်ရာများ၊ ရာသီအလိုက်စားသုံးသင့်သောအစားအစာများ၊ ဆေးဖက်ဝင် အပင်များအကြောင်း အသိပညာပေးဟောပြောကြပြီး ဆရာတော်သံဃာတော်နှင့်သီလရှင် (၃၅) ပါးအား တိုင်းရင်းဆေးကုထုံးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဘာမီသာ (ပခုက္ကူ)