မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာ၌  ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းပန် ဇွန်  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း တိုက်အုပ်ဆရာတော်မှ ဦးဆောင်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများတို့က ကုန်းကျိုင်းကျေးရွာ၌ ၂၀၂၆ ခုနှစ် မိုးရာသီပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် မွေတော်ပရိယတ္တိတိုက်အုပ်ဆရာတော်၊ ကျောင်းထိုင်ဆရာတော်များနှင့် ဆရာတော်များထံ သက်ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သစ်ပင်များအား ဆက်ကပ်ပေးအပ်ခဲ့ကြသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်၌ ခါတော်မီ ၅၀ ပင်နှင့် မယ်ဇလီ ၂၀၀ ပင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးရန်ပိုင်ထွန်း ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)