အမြို့မြို့အနယ်နယ်သတင်းများ

ရက် ၁၀၀ စီမံချက်အရ ကျင်းပပြုလုပ်သည့်ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဖလား အသက် ၂၁ နှစ်အောက် အမျိုးသား ဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် အမျိုးသားဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းတွင် မေလ ၂၇ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ်၊အမှတ်(၄) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။

လပွတ္တာမြို့နယ်တွင် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ထားဝယ်ယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းအမွေအနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးပြသထားသည့် ထားဝယ်ယဉ်ကျေးမှုပြတိုက်အား လှည့်လည်ကြည့်ရှုအားပေးသည်။

စက်မှုနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် တာဝန်ရှိသူများ တောင်တွင်းကြီးမြို့နယ် ဝါကြိတ်စက်ရုံသို့ ကြည့်ရှုစစ်ဆေး

စက်မှုနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယမန့်နေ့နံနက်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) အထည်ချုပ်စက်ရုံခွဲ (ပွင့်ဖြူ) လက်အောက်ရှိ တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမးပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမေးပွဲများကို တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ဇွန်လ ၅ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ခေတ်မီမြေတိုင်းစက်ဖြင့် တိုင်းတာ‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမင်းဇင်နိုင်နှင့်ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK  GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေ ငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအားယနေ့နံနက်ပိုင်းက မြို့နယ်မြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင်  မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် (အသားငါးကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ရန်အတွက် တတိယအကြိမ်အရင်းမပျောက်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ