လပွတ္တာမြို့နယ်တွင် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ

လပွတ္တာ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်မေသန်းဦးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်-၁ ဦးစန်းမင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆားလုပ်ငန်းရှင်များနှင့် ကျောက်လုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆားလုပ်ငန်းရှင်များနှင့် ကျောက်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား  (၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)