ရက် ၁၀၀ စီမံချက်အရ ကျင်းပပြုလုပ်သည့်ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဖလား အသက် ၂၁ နှစ်အောက် အမျိုးသား ဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း  ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် အမျိုးသားဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းတွင် မေလ ၂၇ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ယမန်နေ့ညနေ ၃ နာရီက  ဗိုလ်လုပွဲ အဖြစ် PBE- FC နှင့် ပျော်ဘွယ် Star အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြရာ PBE- FC မှ ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)