ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တွံ​တေးမြို့ အခြေခံပညာအထက်တန်းကျောင်း( ခွဲ)ကျွန်းတော၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတော၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းအခမ်းအနားကိုယမန်နေ့ညနေ(၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တကောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်ခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဇူလိုင်လ ၂၅ ရက်နေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ကြောင်း သိရသည်။

ငလျင်ဘေးနှင့်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)  အားကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း(ကျွန်းချောင်း)တွင် ယနေ့နံနက်(၁၁)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဗဟုသုတရရှိစေမည့် သုတ၊ ရသစသည့် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်၊ စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်နှင့် စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်ရည်ရွယ်၍

မန္တလေးခရိုင်( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာ‌ပေ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ မွှန်းလွှဲ (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၈) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် ၁  နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ