ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်၊ စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်နှင့် စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစသည့် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာန၊ အင်းစိန်မြို့နယ်ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက စာအုပ်များငှားရမ်းပေးရာတွင် ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး အသစ်ပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ သုတ၊ ရသစသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အလှည့်ကျသွားရောက်၍ အခမဲ့ငှားရမ်းပေးသွားမည်ဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)