ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကား‌ပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

သရက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊‌ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့  သွားရောက်၍ ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ပန်းတောင်းမြို့နယ် အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာ (အ.ထ.က) ကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးနှင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သပြေညိုကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင်ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန် ရည်ရွယ်၍  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ သပြေညိုကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book CLub) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ