ကြံခင်းမြို့နယ်၊ အထက(ဆိပ်သာ)ကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်မားလာစေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ​ဆိပ်သာကျေးရွာ၊ အ.ထ.က ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းစုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က(ဆိပ်သာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကားပြော ကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က လူငယ် လူရွယ်များ အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စာပေဖတ်ရှုရခြင်းကြောင့် အကောင်းအဆိုး ခွဲခြားတတ်လာစေရန်၊ နှုတ်မှုစွမ်းရည်မြင့်မားလာစေရန်၊ အချင်းချင်းပူးပေါင်းဆွေးနွေးပြော ဆိုတတ် သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ကျောင်းစာကြည့်တိုက်များဖွံဖြိုးလာပြီး စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် ဗလငါးတန်ဖြင့်ဘက်စုံပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများကို  စဉ်ဆက်မ​ပြတ် ကျင်းပလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ပြီး Grade- 9 ကျောင်းသူ မနှင်းလဲ့လဲ့မောင်က (လူငယ်နှင့်စာရိတ္တ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်းလင်းထက်ကျော်ဇင်က ( လူငယ်နှင့်AI) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ​ကျောင်းသူ မငြိမ်းစုစုသင်း (လူငယ်နှင့်စာကြည့်တိုက်) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11 ကျောင်းသား မောင်ဇော်ထက်အောင် (လူငယ်နှင့်အတွေ့အကြုံ) ခေါင်းစဉ်တို့ဖြင့် မိမိတို့လေ့လာ ဖတ်မှတ် ထားအကြောင်းအရာများကို အသီးသီးဆွေးနွေးကြသည်။ ယင်းနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက သုံးသပ်ဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြကာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသူများအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ အထက်တန်းပြ ဆရာမ ဒေါ်နွယ်နွယ်အောင် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ သည်။

ယင်းနောက် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်ပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ မီးခိုးမြူငွေ့အန္တရာယ် တို့ကာကွယ် သိပညားပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)