မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ချမ်းမြေ့လှပ မိသားစုဘဝနှင့်အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club) အသင်းတို့ပူးပေါင်းပြီး စာရေးဆရာရှင်သန့်ချိုရေးသားသော “ချမ်းမြေ့လှပမိသားစုဘဝနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြစ်သားမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။