တံတားဦး အောက်တိုဘာ ၂၄
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်း နှင့်အခြားအတွေးအမြင်များစာအုပ်” စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre )ခန်းမ၌ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ပရိသတ်များ စာပေဗဟုသုတတိုးပွားရေးနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် မွေးမေမေနှင့်ကျွေးမေမေ၊ ဘာကြောင့်မေ့တာလဲနှုတ်ဆက်ခွဲခွာ ခေါင်းစဉ်များ ဖြင့်လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ခင်မေသောင်းက အချိန်အခါကိုသိပါ၊ ကျွန်မအမေ၊ ကျွန်မဆရာမနှင့်အမေဆိုတာ စသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်က အမှတ်တရအချိန်များနှင့် သနားကြင်နာမှုသည်သာ စသည့်ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများမှ မိမိတို့ဖတ်ရှု လေ့ထားကြသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အစည်းအဝေးများကိုလည်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)