ကော့မှူး အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အောက်တိုဘာလ ၂၂ ရက်နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ၊ Book club၊ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် မောင်ကျော်သီဟကစာရေး ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် မြအဖူးတွေသစ်သစ်ဝေနှင့် လူငယ်ဝတ္တုတိုများ စာအုပ်ထဲမှ ထိန်လင်းကြည်သာမြစန္ဒာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင် မရွှေစင်က အပြုံး၏နောက်ဝယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီရိကိုကိုက ပိတောက်သက်သေ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် မောင်ကျော်သီဟက ဦးဆောင်ဆွေးနွေးရာတွင် အသုံးလုံးကြေလုပ်အားပေး ဆရာမလေးမသူဇာသည် မုဒွန်းကျေးရွာအသုံးလုံးစခန်းတွင် တာဝန်ကျ၍ သင်ပေးနေသည်မှာ (၂) ရက်သာရှိသေးသော်လည်း သင်တန်းသား/ သင်တန်း သူ (၆၀) ကျော်မှာ အတတ်မြန်သည်ကို တွေ့ရသဖြင့် အားရကျေနပ်လျက်ရှိနေကြောင်း၊ အသုံးလုံးကြေ သင်တန်းသား (၆၀) ထဲတွင် အသက်ငယ်ရွယ်သူ မိမြသစ်အသွက် လက်ဆုံးဖြစ်သည့်အပြင် သင်ကြားတတ်မြောက်မှု အလွယ်ကူဆုံးဖြစ်သောကြောင့် ဆရာမလေးမသူဇာက အမြဲတမ်းစံပြအဖြစ် မြှောက်စားအားပေးလေ့ရှိကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ