တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ အေရိုးဗစ်သင်တန်းဖွင့်လှစ်

တံတားဦး အောက်တိုဘာ ၂၄

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင်သင်တန်းမှ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် စနစ်တကျ လေ့လာသင်ယူပေးစေလိုကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလိုကြောင်း ပြောကြားပြီး  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း၊ ကျောင်းသားလူငယ်များ အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး အကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် အေရိုးဗစ်သင်တန်းအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းနှင့် သင်တန်းနည်းပြဆရာ ဒေါ်ခင်မေသောင်တို့ သင်တန်းသူများကို အေရိုးဗစ်သင်တန်းကို ကကွက်များဖြင့် သင်ကြားပေးသည်။ အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြရာ သင်တန်းကို နေ့စဉ်နံနက် ၉ နာရီမှ ၁၂ အချိန်အထိ သင်ကြားပေးမည်ဖြစ်ရာ သင်တန်းကာလကို အောက်တိုဘာလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်

ဦးရဲတင့်(ပြန်/ဆက်)