မြင်းခြံ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
"ယခုသင်တန်းဖွင့်လှစ်ရခြင်းကတော့ ကျောင်းသား/ကျောင်းသူများအနေဖြင့် သီတင်းကျွတ် ကျောင်းပိတ်ရက် အချိန်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရန်အတွက် စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူများ အတန်းစာမေးပွဲများ၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များ အကြောင်းကို စာစီစာကုံးရေးသားနိုင်ဖို့နှင့် စာစီစာကုံးရေးသားနည်းမှတဆင့် ဆောင်းပါးဝတ္ထုတိုများအထိ ရေးသားနိုင်စေဖို့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောကြားခဲ့ပါသည်။
အဆိုပါ (အခမဲ့) စာစီစာကုံးရေးသားနည်းကို (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၃၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)