ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး

ထားဝယ်    အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ဒေသခံ ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးသာသာနာရေးဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများတွင် သုတ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဝန်ထမ်းများနှင့် မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများ   ကူညီဆောင်ရွက်ခဲ့ပြီးစာပေ ဝါသနာရှင်များ နှင့်စာဖတ်ပရိသတ်များ ငှားရမ်းဖတ် ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း  ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)