ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကလေးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ည‌နေပိုင်းက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင် ရည်မြှင့်မားစေရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၌ "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသော "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ပဲခူးမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ

ပဲခူးမြို့နယ် စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ပြည်မြို့ အောင်မြေသာမူလတန်းလွန်းကျောင်း၌ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ဖြင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားစာကြည့်တိုက်(မိုဘိုင်းယာဉ်)ဖြင့် ယနေ့နံနက်ပိုင်းက ပြည်မြို့ အောင်မြေသာမူလတန်းလွန်ကျောင်း၌ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က သီဟိုဠ်တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း (လွန်‌) ကျောင်းတွင် ကျင်းပခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၁)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ​မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့နံနက် (၉:၃၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း(ဖဒို)နှင့် အခြေခံပညာအထက်တန်း(၂ရပ်ကွက်)ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ရွှေတောင်) ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် မြောက်ပိုင်း အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ