ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မန့်ဟီးရိုးမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လစဉ် လတိုင်း စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ဒေသခံစာဖတ်ဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

ကျောက်တလုံးကြီးမြို့ ထီပြွန်အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ထီပြွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

မိုင်းယန်းမြို့၌ အခြေခံပညာအထက်တန်းအဆင့် “လူငယ်စကားဝိုင်း” ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဘောဂလိမြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre) ၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ဟိုပုံးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နောင်ခုံး‌ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ် ကျင်းပခဲ့သည်။

ရွှေကူမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေမှရရှိသည့် ဗဟုတသုတများကို တစ်ဦးနှင့်တစ်ဦး မျှဝေဖလှယ် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို စက်တင်ဘာလ ၁၄ ရက် နေ့လယ် ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library အဖြစ် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

မိုင်းရယ်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့နေ့လယ်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာလေ)၌ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ