ဟိုပုံး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နောင်ခုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် နောင်ခုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအုပ်ကြီး ဒေါ်ဇာဇာမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား၊ ကျောင်းသူ များအား လူငယ်၊ လူရွယ်များသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဓိကစွမ်းအားစုဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များသည် ကာယ၊ ဉာဏ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန် နှင့်ပြည့်စုံစေရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်းကောင်း၊ လူငယ်၊ လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟော ပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသပေးသည့် ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို ကျောင်းသား ၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)