ကျောက်မဲမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။