ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခေတ်တံခါး ခေတ်စကားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် ခေတ်တံခါး ခေတ်စကား စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပန်းအလှထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၅ ရက် မွန်းလွဲ (၁) နာရီက ပန်းအလှ ထိုးနည်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီ အချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာ ဂျာနယ်အတွဲ(၂၀) အမှတ် (၁၀)ပါ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် ကျေးဇူးရှိလျက်အဆပ်ခက်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအားပြုလုပ်ခဲ့ကြသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးအသိပညာ (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်းနေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ​ လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ ပြည်သူ့စာကြည့်တိုက်၌ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ​လူငယ်ရေးရာဟောပြောပွဲ” ကို ယနေ့နံနက်ပိုင်းက အဆိုပါ စာ​ကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကို ဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့တွင်  ကလေးငယ်များ အသိပညာ ဗဟုသုတရှာဖွေရန် ပြည်သူ့စာကြည့်တိုက်သို့  စာအုပ်စာစောင်များ လာရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီကျောင်းပိတ် ရက်ကလေးငယ်များ  ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့်ကလေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်မှကလေးငယ်များ လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှု ငှားရမ်းကြကြောင်း သိရသည်။

မြဝတီမြို့၌ ပန်းချီပညာရှင်များ ပေါ်ထွက်လာစေရေးရည်ရွယ်၍ဖွင့်လှစ်သည့် အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်း အတတ်ပညာကို အခြေခံမှစပြီး စနစ်တကျရေးဆွဲတတ်စေပြီး ပန်းချီပညာရှင်များ ပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်သည့် အဆင့်မြင့်ပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီကကျင်းပကြောင်းသိရသည်။ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြဝတီမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးက သင်တန်းတွင် သင်ကြား ပို့ချခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ