တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ Read more about တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ တာလေ ဇွန် ၉
ဂွမြို့နယ် ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် မြင့်မားလာစေရန် mTube တွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်းသင်တန်း ဖွင့်လှစ် Read more about ဂွမြို့နယ် ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် မြင့်မားလာစေရန် mTube တွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်းသင်တန်း ဖွင့်လှစ် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဝန်ထမ်းများအား သတင်းဗီဒီယို ပြုလုပ်မှု ပိုမိုအားကောင်းလာစေရန်နှင့် သတင်းစွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က mTube တွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ(၃)နာရီက ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ် Read more about ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
နမ္မတူတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ Read more about နမ္မတူတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်ချီပြိုင်ပွဲကို ယနေ့နက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းစံမြို့လူထုအခြေပြု (Community Centre) ခန်းမ၌ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအသိပညာပေး Talk Show ဆောင်ရွက် Read more about မိုင်းစံမြို့လူထုအခြေပြု (Community Centre) ခန်းမ၌ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအသိပညာပေး Talk Show ဆောင်ရွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ် Read more about မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တုံတာမြို့၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် Read more about တုံတာမြို့၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံးရှိ (Community Centre) ခန်းမ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်အခန်း(၁၅)ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း Read more about မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ် ရဲစခန်းမှူးရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် Read more about လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ Read more about ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၈ ရက်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။