ကွန်ဟိန်း ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုသိရှိလိုက်နာဆောင်ရွက်ကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲ ရေးလက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများက စာကြည့်တိုက်ပညာ၊စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြု လုပ်ငန်းများ စသည့် ခေါင်းစဉ်များကို အလှည့်ကျဖတ်ကြားခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)