မက်မန်း ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အသိပညာပေး (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ထိုသို့ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ယခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ပလတ်စတစ်ထုတ်လုပ်မှု၊ ပြန်လည်သုံးစွဲမှု၊ တစ်ခါသုံးပလတ်စတစ်များကို စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် အကြောင်းတရားများ၊ ပလပ်စတစ်စွန့်ပစ်ခြင်းကြောင့် ရေနေသတ္တဝါများ ပျက်စီးသေဆုံးရမှုအကြောင်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က ပလပ်စတစ်ညစ်ညမ်းမှု လျော့ချနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အိမ်နီးချင်းနိုင်ငံများတွင် ပလပ်စတစ်အစားထိုး သုံးစွဲမှုများ၊ ပလပ်စတစ်အား အစားထိုးသုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာမည့် အခြေအနေများ၊ ပလပ်စတစ်များကို စနစ်တကျစွန့်ပစ်ခြင်း၊ သုံးစွဲမှုအား လျော့ချခြင်းဖြင့် ပတ်ဝန်ကျင်းအား ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show)အား မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက် page နှင့် We love Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)