တုံတာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် က‌လေးစာဖတ်ခန်းတို့တွင် နံရပ်ကပ်စာစောင်ပြပွဲနှင့်‌ ဟောပြောပွဲ ပြုလုပ်

တုံတာ ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ နံရံကပ်စာစောင်ပြသပြီး၊ က‌လေးစာဖတ်ခန်းတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်း ဟောပြောပွဲ‌ကို မနေ့‌က(၁၂)နာရီခွဲချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အဲန်း‌မေရီမှ ကလေးများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ “က‌လေးအလုပ်သမားပပျောက်ရေး”ဆိုသည့် အကြောင်းကို က‌လေးများအသိပညာဗဟုသုတများစွာ ရရှိ‌စေရန် နံရံကပ်စာစောင်ပြသ၍ ရှင်း‌လင်း‌ပြောကြားခဲ့ပြီး၊ ကလေးစာဖတ်ခန်း၌ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်းကို ပုံနှင့်တကွ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို (Community Center)ခန်းမ၌ ဗဟုသုတများစွာပါဝင်သော နံရံကပ်စာစောင်များကို‌ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၆)ဦးက စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရှိခဲ့ရသည်။

အဲန်းမေရီ