ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၁ နာရီက အမက(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်း ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ Commnity Centre ခန်းမ၌ ဆည်းလည်းသံစာအုပ်ဖြင့် Book Club အဖွဲ့များ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာမ မြကြာငုံရေးသားသည့် ဆည်းလည်းသံနှင့် ရသစုံ ဝတ္ထုများစာအုပ်ဖြင့် Book Club အဖွဲ့ဝင်များက ဩဂုတ် (၁၆) ရက် နေ့လယ် (၁၁) နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပသည်။

ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပင်လယ်သမုဒ္ဒရာလှပဖို့ အဏ္ဏဝါစွန့်ပစ်ပစ္စည်းလျှော့ချစို့ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့ခရိုင်၊ မြို့နယ်မှ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေနှင့် ဆန်၊ဆီ၊ဆား၊ပဲ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မုံးကိုးမြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ မိုင်းယု ကျေးရွာရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများအတွက် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မိုင်းယုကျေးရွာရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကျောင်းသုံး စာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို မူဆယ်မြို့ New Starlight Group Of Co.,Ltd ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

(၃၁)ကြိမ်မြောက် တောင်ကြီးတက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ရာဆိုင်ပြပွဲ ဖွင့်ပွဲကျင်းပ

(၃၁)ကြိမ်မြောက် တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ