ကော့ကရိတ် ဩဂုတ် ၁၈
ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၁ နာရီက အမက(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က စာဖတ်ခြင်း အလေ့အထရှိစေရေးနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင်တို့ကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)