တနင်္သာရီ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၈)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် နံနက်(၉)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲတွင် အထက(တနင်္သာရီ)ကျောင်းအသင်းနှင့် အထက(ဇဝဲ)ကျောင်း အသင်းတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး အထက(ဇဝဲ)ကျောင်းအသင်းက အထက(တနင်္သာရီ)ကျောင်း အသင်းကို ပွဲငယ်နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ မွန်းလွဲ ၂ နာရီခွဲတွင် ဖူဆယ်ဘောလုံးဆီမီးဖိုင်နယ် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလက(လယ်တောင်ယာ)အသင်းက အထက(ဇဝဲ)အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ နယ်မြေခံတပ်မတော်မှ ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမနှင့်ကျောင်းသားများက ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရှိရသည်။
သီသီခိုင်(တနင်္သာရီ)