ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပလောက် စက်တင်ဘာလ ၁၂

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ(၂)နာရီက ပလောက်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ကြောင်းမှူးက ဦးဆောင်၍ ကျောင်းပေါင်းစုံဘောလုံးအသင်း (၁၇) သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများနှင့် တက်ရောက်လာကြသောတာဝန်ရှိသူများ၊ ဧည့်ပရိသတ်များမှ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတာ်သီချင်းအား သံပြိုင်သီဆိုခြင်း၊ အားကစားသမားများမှ သစ္စာအဓိဌာန်(၄) ချက်အား သီဆိုခြင်း၊ မြို့အုပ်ချုပ်ရေးမှူးမှအဖွင့် အမှာစကားများပြောကြားပြီး အ-ထ-က (ပလောက်) ကျောင်းသူလေးများမှ အကများဖြင့်  ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ကျောင်းပေါင်းစုံ  မိုးရာသီ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်း (၁၇)သင်းနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၊  ဆရာ၊ ဆရာမများ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များစုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)