ခမောက်ကြီး စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် မြန်မာစာစာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/ စာပေချစ်မြတ်နိုးရေးနှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စီစီချိုက စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်/ စာပေများ ရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် လေ့ကျင့်ဖတ်ရှု့ခဲ့ကြောင်း သိရသည်။ ထို့နောက် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား မြန်မာစာစာလုံးပေါင်းသတ်ပုံ မှား/မှန် ရွေးချယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာစာကို တန်ဖိုးထားတက်စေရန်နှင့် စာအုပ်/စာပေများကို ချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များတိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)