ပုလောမြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ နာဂကလျာဏီသိမ်တော်ဘုရားကုန်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။