ပုလောမြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ပုလော စက်တင်ဘာလ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ နာဂကလျာဏီသိမ်တော်ဘုရားကုန်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၂၀) ဦးတို့က နာဂကလျာဏီသိမ်တော်ဘုရားကုန်းပေါ်တွင် အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် မြောင်းဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်