ခမောက်ကြီး စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအလယ်တန်း ယုဇနကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား/ ကျောင်းသူများအား စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/ စာပေချစ်မြတ်နိုးရေးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စီစီချိုက စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်/ စာပေများရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် လေ့ကျင့်ဖတ်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာအုပ်/ စာပေများကို ချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များ တိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)