တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး မြိတ်မြို့နယ်ကုန်တင်ကုန်ချလုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီထောက်ပံ့၊ ပြည်သူ့ဆေးရုံနှင့် အခြေခံကျောင်းများအားစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၅)ရက်နံနက်ပိုင်းက မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကုန်တင်ကုန်ချ လုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ယာဉ်မောင်း(မွမ်းမံ)သင်တန်း ၅/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးစီး၍ ယာဉ်မောင်း(မွမ်းမံ)သင်တန်း ၅/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၂)ရက် နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာမင်-A နှင့် သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း အသက်(၁၀)နှစ်အထက်ရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အသက်အရွယ်အကျုံးဝင်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးကြိုတင်ပြင်ဆင်ရေးအတွက် မြို့နယ်ဓာတ်ခွဲခန်းတွင် သွေးအမျိုးအစားခွဲခြား သိရှိနိုင်ရန် စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြို့ပေါ်၌ မြစ်ရေပြန်လည်ကျဆင်းစဉ် တင်ကျန်ခဲ့သည့် ရွံ့၊ နုန်းများကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့ အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက် (၂၄)ပေကို (၇ပေ)အထိ  ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ မြစ်ရေများ  ပြန်လည်ကျဆင်းခဲ့ရာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မြစ်ရေ တိုင်းထွာချက်အရ မြို့တာရိုးအပြင်ဘက်တွင် (၁၉) ပေခန့်အထိ ပြန်လည်လျော့နည်းကျဆင်းနေကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် နှစ်(၃၀)အတွင်း ဒုတိယအကြီးဆုံးဖြစ်ပြီး မြစ်ရေပြန်ကျဆင်းနေရာ မြိတ်-တနင်္သာရီ-မောတောင်-ကော့သောင်းကားလမ်းတစ်လျှောက်ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ် (ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြိတ်မြို့နယ်အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံနှင့်လမ်းများ၌ မြစ်ရေပြန်ကျသဖြင့် ကျန်ရှိသည့်ရွှံ့နွံနုန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက်(၂၄)ပေကို (၇ပေ)အထိ ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအတွင်း တိုင်းထွာ ချက်အရ (၂၂)ပေသို့ ပြန်လည်လျော့ကျလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်တွင် မြစ်ရေပြန်ကျဆင်းနေရာ မြိတ်-တနင်္သာရီ-မောတောင်-ကော့သောင်း ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ်(ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြတ်မြို့နယ် အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး