ထားဝယ် ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးစီး၍ ယာဉ်မောင်း(မွမ်းမံ)သင်တန်း ၅/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက မီးသတ်ဦးစီးဌာန၏ ခရိုင်/မြို့နယ်အသီးသီးတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မီးသတ်ယာဉ်အမျိုးမျိုးအတွက် ထပ်မံတာဝန်ချထားနိုင်ရန်၊ မီးသတ် ယာဉ်/စက်များ ကိုင်တွယ်မောင်းနှင်ရာ၌ ယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေ၏အလေးချိန်၊ ဖိအားနဲ့လှုပ်ရှားမှု သဘော တရားများကိုနားလည်သိရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေရန် ယာဉ်မောင်းသင်တန်း တက်ရောက်ပြီး တပ်ဖွဲ့ဝင်များအား ပိုမိုကျွမ်းကျင်မှုရှိအောင် မွမ်းမံသင်ကြားပေးရန်အတွက် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့မှာရှိသည့် မီးသတ်ယာဉ်များ ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရေးအတွက် မီးသတ်ယာဉ်/စက်အမျိုးအစား၊ သုံးစွဲသော လောင်စာဆီ အမျိုးအစားအလိုက် စက်စွမ်းအားနှင့် ဝန်ချိန်အနေအထားပေါ်မူတည်ပြီး မြေပြန့်လမ်း၊ တောင်တက်/ တောင်ဆင်းလမ်း၊ လမ်းကျဉ်း/ လမ်းကျယ်၊ လမ်းကောက် အနေအထားများတွင် မောင်းနှင်နိုင်ရန်လိုအပ်ကြောင်း၊ နားလည်တတ်ကျွမ်းသည့် နည်းပြဆရာများနှင့် လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်သောကြောင့် ကြိုးစားသင်ယူလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့တွင် သင်တန်းသား(၂၀)ဦး၊ မြိတ်မြို့တွင် သင်တန်းသား(၂၀)ဦး၊ ကော့သောင်းမြို့တွင် သင်တန်းသား(၁၀)ဦး၊ စုစုပေါင်း သင်တန်းသား (၅၀) ဦးအား ဩဂုတ်လ ၅ ရက် နေ့ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက် နေ့ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်