တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့တွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း ပညာပေးရှင်းလင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား (၂၀၂၄) ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ကရသူရိမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လိုက်လံနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး နှိုးဆော်ချက်များကို မီးသတ်ယာဉ်ဖြင့် ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းကပလောက်မြို့၊ စည်ပင်သာယာဈေးကြီးအရှေ့၊ ဗဟိုလမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့၌  သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးနှင့်ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် လျှပ်တပြတ်ရေကြီးခြင်း၊ တောင်ပြို မြေပြို ခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ကျွန်းစုမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။

ထားဝယ်မြို့ အမှတ်(၆)အခြေခံပညာထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့၌ သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးနှင့်ရေးဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

ခမောက်ကြီးမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊ခ‌မောက်ကြီးမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး