ကရသူရိ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး နှိုးဆော်ချက်များကို မီးသတ်ယာဉ်ဖြင့် ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ချက်များကို မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအချက်များဖြစ်သည့် မြေပြိုမည့် ရှေ့ပြေးလက္ခဏာများ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်လိုက်နာရန်အချက်များ၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အပြင်ရှိနေလျှင် လုပ်ဆောင်ရမည့်အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ သင့်နှင့်အတူရှိပြီးလား ဆန်းစစ်ပါ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန်လိပ်စာများ စသည့်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)