ပလောက် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းကပလောက်မြို့၊ စည်ပင်သာယာဈေးကြီးအရှေ့၊ ဗဟိုလမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေဘေးအန္တရာယ် အသိပညာပေးများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော်ခဲ့ကြသည်။
အသိပညာပေး နှိုးဆော်ချက်များတွင် ရေဘေးအန္တရာယ် မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များနှင့် ရေဘေးအန္တရာယ် ကျရောက်စဉ်အတွင်း ဆောင်ရန်၊ရှောင်ရန် အချက်များ စသည့် အသိပေးနှိုးဆော်ချက်(၁၅)ချက် ပါဝင်ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)