ခမောက်ကြီးမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး နှိုးဆော်

ခမောက်ကြီး စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊ခ‌မောက်ကြီးမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေဘေးအသိပညာပေးများ ဆောင်‌ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခဲ့ကြသည်။ အသိပညာ‌ပေးနှိုးဆော်ချက်များတွင် ရေဘေးအန္တရာယ်မဖြစ်‌ပေါ်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များနှင့် ရေဘေးအန္တရာယ်ကျရောက်စဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များစသည့် အသိပေးနှိုးဆော်ချက်(‌၁၅)ချက် ပါဝင်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)