ဘုတ်ပြင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးနှင့်ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်မတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဘသာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ဆက်သွယ်ဆောင်ရွက်မည့်အချက်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို သတိပြုကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ဆောက်ရွက်လျက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)