တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (၃/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၃/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပလောက်မြို့၌ ဝါယာကြိုးရှော့ဖြစ်၍ နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗဟိုလမ်း၌ (နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင်) တစ်ဆိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က သရက်ချောင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (တတိယပတ်) သို့ ပါဝင်ဆင်နွှဲ

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(တတိယပတ်)ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကော့သောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင်‌ ဆောင်ရွက်ခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊နံရံကပ်စာစောင်၊ဓာတ်ပုံနှင့် စာအုပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  ခန်းမတွင်ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။

ကလိန်အောင်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းကျေးရွာ(ရွာသစ်)ရှိ ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်း တက်ရောက်နေကြသည့် သင်တန်းသူအမျိုးသမီးငယ်များအား အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ယမန်နေ့က သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး