တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့နယ်သစ်​တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေးဟောပြော

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇူလိုင်(၂၃)ရက်​ နံနက်(၁၀) နာရီက ရွှေပေး‌‌ကျေးရွာ၊ အ.ထ.က(ခွဲ))ရွှေပေးကျောင်းတွင် ကျင်းပသည်။

ကော့သောင်းမြို့၌ကျင်းပသည့် ၂ဝ၂၆ခုနှစ် မိုးရာသီ စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်း‌ဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်း‌‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များ၊ တိုင်း‌ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ကော့သောင်းဂေါက်ကွင်းတွင် ကျင်းပသည့် ၂ဝ၂၆ ခုနှစ် မိုးရာသီစတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။

ဘုတ်ပြင်းမြို့၌ လေဆင်နှာမောင်းတိုက်ခိုက်သဖြင့် လူနေအိမ်တစ်လုံး အမိုးလန်၊  နေအိမ်သုံးလုံး အနည်းငယ်ပျက်စီး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် နို့ငွါးကျေးရွာအုပ်စု ချောင်ကဖီးကျေးရွာ၌ ဇူလိုင်လ ၂၃ နံနက် ၄ နာရီက လေဆင်နှာမောင်းတိုက်ခိုက်ခဲရ၍ လူနေအိမ်တစ်လုံး အမိုးလွင့်ထွက်ကာ အနီးရှိ နေအိမ်သုံးလုံး အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ကော့သောင်းမြို့၌ ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများသည် ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခရီးသွားလုပ်ငန်းဆိုင်ရာလူမှုစီးပွားကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် ကော့သောင်းမြို့၊ Victoria Cliff Hotel ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲ ပြုလုပ်သည်။

ပုလောမြို့နယ်၌ သမဝါယမအသင်းသားများအတွက် မိုးစပါးအသီးနှံအထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးသီးနှံအထွက်နှုန်း ရရှိရေး ဆောင်ရွက်မည့် နည်းလမ်းများ ပညာပေးသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်သည်။

ကျွန်းစုမြို့နယ်တွင် ပထမအကြိမ် ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် လူငယ်လူရွယ်များ ဓမ္မတရားတော်များကို လေ့လာသင်ယူ၍ ယဉ်ကျေးလိမ္မာသော လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ ပထမအကြိမ်ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲကို အထက-ကျွန်းစု‌ကျောင်း၌ ဇူလိုင် ၂၂ ရက်နေ့က ကျင်းပခဲ့သည်။

မြိတ်မြို့၌ မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်( သမဝါယမကဏ္ဍ)မှ (၁)ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၂၅၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ (၁)ဧက အထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသား တောင်သူများအား ကျပ်သန်း(၂၅၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးပြည်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အစိုးရနှင့်ပြည်သူများအကြား အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊  ဆန်းချီရပ်ကွက်၊ ဓမ္မာရုံ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့်အငြိမ်းစားလစာငွေများ လာရောက်ထုတ်ယူသူများကို ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

ထားဝယ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင်  ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်/ကျေးရွာအဆင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍စစ်ဆေးကြည့်ရှုခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး