ဘုတ်ပြင်းမြို့၌ ကရင်အမျိုးသားနှစ်သက်ကူးနေ့ အခမ်းအနား ကျင်းပ
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့၌ ကျရောက်သည့် (၈၈) နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ယနေ့နံနက်က ကျင်းပရာ ဘုတ်ပြင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ကရင်အမျိုးသားနှစ်သက်ကူး ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။