ထားဝယ်မြို့၌ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သစ်ကိုင်းကျိုးကျပိမိသဖြင့် သေဆုံး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်နံဘေး (ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးရှေ့)ရှိ စိန်ပန်းပင်မှာအာဇာနည်လမ်းမပေါ်သို့ ကျိုးကျစဉ် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးအား ပိမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။