တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့တွင် မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းတွင်  ၉၅၉၆ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအတွက် ၇၄.၀၆ တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းအထွက် ၇၁၀၆၅၇ တင်း ထွက်ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်အပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်

“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့ အ.ထ.က-အောက်လိပ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု  အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့သည်။

လောင်းလုံးမြို့နယ်၌ အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ပြည်သူများ မဲစာရင်း မကျန်ရှိစေ​ရေး တာဝန်ရှိသူများကွင်းဆင်း​ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊မပါ သိရှိနိုင်ရန်အတွက် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းမှစ၍မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင်စာရင်း ကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ကြသည်။

ကော့သောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)  စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ညောင်ဝိမော်ကင်းကျေးရွာ၊ မကြုံကလက်ကျေးရွာ၊ ဂျလန်းကျွန်းနှင့်အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်တို့တွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ငရုပ်သီးစိမ်းများ ရှားပါး၍ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊   ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်   အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး