တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့၌ ငရုပ်သီးစိမ်းများ ရှားပါး၍ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊   ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်   အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။

ခမောက်ကြီးမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့် မိခင်နှင့်ကလေးကျန်းမာ‌ရေး ပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉နာရီက ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထားဝယ်မြို့၌“ဒို့အတူတူမဲပေးကြမယ်”သတင်းစကားလက်ကမ်းစာစောင်များဝေငှ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လောင်းလုံးမြို့နယ်၊ မေတ္တာမြို့ရုံးမှ ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကို ဝေငှပေးခဲ့သည်။

ထားဝယ်မြို့နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကွင်းဆင်းစိစစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ ညနေပိုင်းတွင်  ထားဝယ်မြို့အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်ရှိသည်။

ကလိန်အောင်မြို့၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်းကားရာနေရာများ၌ ဖြန့်ဝေခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မိုးစပါးရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းမှု အခြေအနေကို ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးသည်။

လူမှုရေးရာဝန်ကြီး ဦးသက်နိုင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များအား ဘေးအန္တရာယ်ကင်းရှင်း စွာစားသုံးနိုင်ရေး၊ သုံးစွဲနိုင်ရေး၊ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၁/၂၀၂၅ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင်များ ပညာပေးဝေငှ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပညာပေးဝေငှပေးသည်။

ပလောက်မြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၁ ရက်နေ့က လူစည်ကားရာနေရာများ၌ အခမဲ့ ဖြန့်ဝေသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး