တနင်္သာရီတိုင်းဒေသကြီးအတွင်း KG ကျောင်းသား၊ ကျောင်းသူ ၁၄၇၆၅ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ် အောင်မြင်စွာစတင်နိုင်ခဲ့
တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း(၄၄၃)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူပေါင်း(၁၄၇၆၅)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အောင်မြင်စွာစတင်နိုင်ခဲ့သည့်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။