ထားဝယ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် တိုင်းဒေသကြီး မြန်မာ့သိုင်း အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း အုပ်ချုပ်သူ ဦးဇေယျာဌေးက ပြိုင်ပွဲယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက မြန်မာ့သိုင်းအားကစားကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည့် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့်မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ်မြန်မာလူမျိုး တိုင်းတတ်ရမည်ဟူသည့်ဆောင်ပုဒ်အတိုင်း မြန်မာ့သိုင်းအဖွဲ့ချုပ် က အမျိုးသားရေးတာဝန်အဖြစ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ပြိုင်ပွဲများကြောင့်တိုင်း/ပြည်နယ် သိုင်းပညာရှင်များ စည်းလုံးညီညွတ်စွာပိုခိုင်မြဲစေရန်၊ သိုင်းပညာရပ်များနှီးနှော ဖလှယ်နိုင်ရန်၊ မျိုးဆက်သစ် သိုင်းပညာရှင်များပေါ်ထွန်းလာစေရန်ရည်ရွယ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ်သည် ကိုယ်ခန္ဓာကျန်းမာသန်စွမ်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊ အပြန်အလှန်လေးစားမှုစသည့်အကျိုးကျေးဇူးများရရှိကြောင်း။ အားကစားသမားများအနေဖြင့် ထူးချွန်ထက်မြက်ပြီး ရိုးရာအမွေအနှစ်ထိန်းသိမ်းသည့် မြန်မာ့သိုင်း အားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက မြန်မာ့သိုင်းအားကစားအဖွဲ့အား ပြိုင်ပွဲဝင်ဝတ်စုံနှင့် ချီမြှင့်ငွေကျပ် ၉၈၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)